ကွန်ပျုတာကို မြန်ဆန်စေမည့် နည်းလမ်းများ အပိုင်း (၂)
================================
မင်္ဂလာပါ ခင်ဗျာ...
ဒီတစ်ပတ်မှာတော့ ကျွန်တော်တို့ Page ကနေ Knowledge Sharing အနေနဲ့ တင်ပေးခဲ့တဲ့ " ကွန်ပျုတာကို မြန်ဆန်စေမည့် နည်းလမ်းများ " ခေါင်းစဉ် မှ အပိုင်း ( ၂ )လေးကို ထပ်မံ ပြောပြပေးလိုက်ပါတယ်နော်
(၂) မိမိ Data တွေကို Desktop မှာ အများအပြား တင်မထားပါနဲ့။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မိမိတို့PC တွေရဲ့ Desktop ပေါ်မှာ မိမိတို့ရဲ့ Data တွေဖြစ်တဲ့ File တွေ Folder တွေကို အများအပြား တင်မထားသင့်ပါဘူး။ အဲ့ဒီလို တင်ထားခြင်းဖြင့် Windows စတက်တဲ့အချိန်ကို ပိုမို ကြာမြင့်သွားစေပါတယ်။Windows စတက်လာတာနဲ့ Desktop ပေါ်မှာရှိနေတဲ့ Data တွေကိုပါခေါ်တင်နေရတဲ့ အတွက် ဖြစ်ပါတယ်။အဲ့ဒီလို မိမိတို့ရဲ့ Data တွေကို Desktop ပေါ်မှာ အလွယ်တကူ တင်ထားခြင်းကသူများတွေအတွက်လည်း အလွယ်တကူ မြင်သာနေရတာကြောင့် လုံခြံရေးအရကြည့်ရင်လည်း သိပ်တော့ မကောင်းလှပါဘူး။
ဒါကြောင့် မိမိတို့ရဲ့ Desktop ပေါ်မှာ မိမိတို့ ပုံမှန် အသုံးပြုနေတဲ့ Application တွေရဲ့ Shortcut Icon တွေကလွဲပြီး တခြား Data တွေကိုတော့ D: အောက်ထဲမှာပဲ သိမ်းဆည်းထားသင့်တယ်လို့ အကြံပေးလိုက်ပါရစေဗျာ....
အားလုံးပဲ ကွန်ပျူတာပိုင်းဆိုင်ရာ ပြဿနာများ ကင်းဝေးနိုင်ကြပါစေဗျာ.....