မင်္ဂလာပါ ခင်ဗျာ...
ဒီတစ်ပတ်မှာလည်း အရင်တစ်ပတ်က ကျွန်တော်တို့ Pageကနေ"ကွန်ပျုတာကို မြန်ဆန်စေမည့် နည်းလမ်းများ " ခေါင်းစဉ်နဲ့ တင်ပေးခဲ့တဲ့အပိုင်းလေးတွေများမှ နောက်ထပ် အပိုင်း (၃ + ၄)ကို ထပ်မံ ပြောပြပေးလိုက်ပါတယ်နော်....
၃။ C: Partition ထဲမှာ နေရာလွတ် Free Space များများ ရှိနေပါစေ။ မိမိတို့ PC ထဲမှာရှိတဲ့ Storage Device တစ်ခုဖြစ်တဲ့ HDD ရဲ့
C: Partition အောက်ထဲမှာ မိမိတို့အသုံးပြု နေတဲ့ OS ရဲ့ System File တွေ၊မိမိတို့တင်ထားတဲ့ Software တွေရဲ့ Program File တွေနဲ့ တခြား အရေးကြီးတဲ့File တွေကို သိမ်းဆည်းထားပါတယ်။ အဲ့ဒီအတွက် အဲ့ဒီလို System File တွေ
ကောင်းစွာ အလုပ်လုပ်နိုင်ဖို့အတွက် C: Partition မှာ နေရာလွတ်Free Space တွေ လုံလောက်စွာ ရှိနေဖို့ လိုအပ်ပါတယ်။မိမိတို့ရဲ့ Data File တွေကို Desktop ပေါ်မှာ သိမ်းဆည်းခြင်း၊Document Folder အောက်ထဲမှာ Default အတိုင်း သိမ်းဆည်းထားခြင်းနဲ့Internet Download File တွေကြောင့် C: Partition ဟာပြည့် ပြည့်လာတတ်ပါတယ်။ C: Partition ထဲမှာ Free Spaceလုံလောက်စွာ မရှိခြင်းဟာလည်း Windowsကို လေးစေနိုင်တဲ့ အချက်တစ်ခုဖြစ်တာကြောင့် မိမိတို့ Data File တွေကို D: အောက်မှာပဲ သိမ်ဆည်းကြဖို့အကြံပြုလိုက်ပါရစေ။
၄။ မလိုအပ်တဲ့ File တွေကို ရှင်းလင်းပစ်ပါ။
မိမိတို့ PC တွေကို အသုံးပြုတာ များလာတာနဲ့အမျှ နောက်ကွယ်ကနေRun နေတဲ့ Temporary File တွေနဲ့ Unused File တွေကလည်းများများလာတတ်ပါတယ်။အဲ့ဒီလို နောက်ကွယ်ကနေ မိမိတို့မသိပဲ Run နေတဲ့ File တွေက မိမိတို့ PC တွေရဲ့
လုပ်ဆောင်ချက်တွေကို နှေးကွေးလာစေတတ်ပါတယ်။ အဲ့အတွက် အဲ့ဒီ မလိုအပ်တဲ့File တွေကို ပုံမှန် ရှင်လင်းပေးဖို့လိုအပ်ပါတယ်။ မိမိတို့ PC ကို အသုံးပြုမှုအနည်းအများကိုလိုက်ပြီးတစ်ပတ်တစ်ခါ၊ တစ်လ တစ်ခါ ရှင်းလင်းပေးဖို့အကြံပြုလိုက်ပါရစေ။
ကဲ... ဘယ်လိုလုပ်ရမလဲဆိုတာ ဆက်ကြည့်လိုက် ကြရအောင်ဗျာ။
မိမိတို့ PC Screen ဘယ်ဘက်အောက်ထောင့်က Windows Logoပုံလေးနဲ့ Start ကိုနှိပ်ပါ။ Windows Administrative Tools ဆိုတာကိုProgram List ထဲမှာ လိုက်ရှာပြီး အဲ့အောက်ထဲက Disk Cleanup ကိုClick နှိပ်ပါ။မိမိ Clean လုပ်လိုတဲ့ Partition C:, D: ကို ရွေးချယ်ပါ။အဲ့ဒီနောက် ပေါ်လာတဲ့ Clean လုပ်လိုတဲ့ File တွေရဲ့ ရှေ့က Check Box မှာအမှန်ခြစ်လေးတွေထည့်ပြီး OK ကိုနှိပ်လိုက်ပါ။ ပြီးရင် Delete Files ကိုဆက်နှိပ်သွားမယ်ဆိုရင်တော့ မိမိတို့ PC ထဲမှာ ရှိနေတဲ့ မလိုအပ်တဲ့ File တွေကို
အလိုအလျှောက် ရှင်းလင်းပေးသွားပါ လိမ့်မယ်။အဲ့ဒီလို မလိုအပ်တဲ့ File တွေ ရှင်းလင်းဖို့အတွက် Third Party Apps ဖြစ်တဲ့CCleaner တို့လို App တွေကိုလည်း အသုံးပြုနိုင်ပါသေးတယ်ခင်ဗျာ။
အားလုံးပဲ ကွန်ပျူတာပိုင်းဆိုင်ရာ ပြဿနာများ ကင်းဝေးနိုင်ကြပါစေခင်ဗျ......
မိမိတို့အတွက် အကျိုးရှိခဲ့တယ်ဆိုရင်လည်း တခြားသူတွေကို မျှဝေပေးဖို့ မေတ္တာရပ်ခံလိုက်ပါတယ်ခင်ဗျ။
အခုလို ကာလမှာ မိတ်ဆွေများအားလုံး ကျန်းမာ ဘေးကင်းပြီး အလုပ်အကိုင်များ
အဆင်ပြေအောင်မြင်ပါစေလို့
ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်ခင်ဗျာ...