" ကွန်ပျုတာကို မြန်ဆန်စေမည့် နည်းလမ်းများ " ခေါင်းစဉ် နဲ့ တင်ပေးခဲ့တဲ့အပိုင်းလေးတွေမှ နောက်ထပ် အပိုင်း (၅)ကို ထပ်ပြီး ဖော်ပြပေးလိုက်ပါတယ် ဗျာ....
(၅) Defragment လုပ်ပါ။
မိမိတို့ ပစ္စည်းအသုံးအဆောင်များကို သူ့နေရာနှင့်သူ စနစ်တကျစီထားခြင်းအားဖြင့် မိမိလိုအပ်လို့ ရှာဖွေတဲ့အခါမှာ အလွယ်တကူ ခဏချင်းရရှိနိုင်တာကို အားလုံးသိပြီး ဖြစ်ကြပါလိမ့်မယ်။အဲ့ဒီလိုပါပဲ မိမိတို့ PC ရဲ့ Storage ဖြစ်တဲ့ Hard Disk ထဲမှာရှိတဲ့ File တွေကိုလည်းစနစ်တကျ အစီအစဉ်တကျ စီထားခဲ့မယ်ဆိုရင် PC တွေ အလုပ်လုပ်ရတဲ့အခါပိုမိုမြန်ဆန် သွက်လက်လာတာကို တွေ့မြင်ခံစားမိကြပါလိမ့်မယ်။
ဘယ်လိုလုပ်ရမလည်းဆိုတာကို တစ်ဆင့်ချင်းစီ ပြပေးပါ့မယ်။
ပထမဦးစွာ -
- မိမိတို့ PC Desktop ပေါ်မှာရှိတဲ့ Computer ပုံ Logo လေးနဲ့My Computer ထဲကို Double Click လုပ်ပီး ဝင်ပေးပါ။
- အဲ့ထဲက မိမိ PC ထဲမှာရှိတဲ့ Hard Disk ကို C: , D: စသည်ဖြင့်Partition ပိုင်းထားတာကို တွေ့ပါလိမ့်မယ်။
- မိမိ Defrag လုပ်လိုတဲ့ Partition ပေါ်မှာ Right Click နှိပ်ပြီးProperties ထဲကို ဝင်ပေးပါ။
- ဆက်လက်ပီး အပေါ်ဘက်မှာရှိတဲ့ Tab လေးတွေထဲကTools Tab ထဲကို Click နှိပ်ပြီး ဆက်ဝင်ပေးပါ။
- အဲ့ဒီထဲမှာတော့ Error Checking ဆိုတာနဲ့ Optimize and Defragment Drive ဆိုပြီးနှစ်ခုတွေ့ပါလိမ့်မယ်။
- Error Checking ထဲကနေတော့ မိမိ Hard Disk မှာ Error ရှိ မရှိ စစ်ဆေးနိုင်ပြီးတော့File တွေကို စီဖို့အတွက်ဆိုရင် တော့ Optimize and Defragment Drive ကိုရွေးချယ်နိုင်ပါတယ်။
- Hard Disk ရဲ့ ပမာဏ အကြီးအသေးနဲ့ Data အနည်းအများ ပေါ်မူတည်ပြီးအချိန်အနည်းငယ် ကြာတတ်ပါတယ်။
- တကယ်လို့ Third Party Apps ကို သုံးချင်တယ် ဆိုရင်တော့ Defraggler တို့၊Auslogic Disk Defrag စသည့် Apps တွေကို သုံးလို့ရပါတယ်။
ကဲ....အခုဆိုရင် မိမိတို့ PC တွေကို အချိန်မကုန် လူမပင်ပန်း ငွေကြေးကုန်ကျမှုမရှိဘဲနဲ့ အမြဲတမ်း မြန်ဆန်သွက်လက် နေစေမယ့် နည်းလမ်းလေးတွေကိုသိရှိခဲ့ရလို့ ကျေနပ်နှစ်သက်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်ဗျာ။နောက်များမှာလည်း အခုလို နည်းလမ်းကောင်းလေးတွေကို အလျင်းသင့်သလိုတင်ပေးသွားဦးမှာဖြစ်ပါတယ်။
မိမိတို့အတွက် အကျိုးရှိခဲ့တယ်ဆိုရင်လည်း တခြားသူတွေကို မျှဝေပေးဖို့ကိုလည်း မေတ္တာရပ်ခံလိုက်ပါတယ်ဗျ။
အားလုံးပဲ ကွန်ပျူတာပိုင်းဆိုင်ရာ ပြဿနာများ ကင်းဝေးနိုင်ကြပါစေခင်ဗျာ ။