CPU ကို Central Processing Unit (ဗဟိုတွက်ချက်မှုစနစ်) လို့ ခေါ်ပါတယ်။ CPU ဟာ Computer ရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ CPU ကို Computer ရဲ့ ဦးနှောက်လို့လည်း တင်စားခေါ်ဝေါ်ကြပါတယ်။
ကျွန်တော်တို့ရဲ့ CPU မှာ အဓိကပါဝင်တဲ့ Core နဲ့ Cache ကို တစ်ခုချင်းစီလေ့လာသွားပါမယ်။
💥 CPU မှာ ပါဝင်တဲ့ Core ဟာ ဆိုရင် အဓိကတွက်ချက်ပေးတဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့ အသုံးပြုသမျှ process တိုင်းကို core ကပဲ အဓိက တွက်ချက်ဖြေရှင်းပေးပြီး ဆောင်ရွက်ပေးပါတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ CPU မှာ Core အရေအတွက်များလေ လုပ်ဆောင်ချက်တွေ ပိုပြီးမြန်ဆန်စေပါတယ်။ ဘာကြောင့််လဲဆိုတော့ coreတစ်ခုဟာ လုပ်ငန်းတာဝန်တစ်ခုကိုပဲ ဆောင်ရွက်နိုင်ပါတယ်။ Core နှစ်ခုပါရင် process နှစ်ခုကို တစ်ချိန်တည်းလုပ်ဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ယနေ့ခေတ် CPU အမျိူးအစားတွေမှာ core အရေအတွက်များစွာ ပါဝင်လာပြီး ပိုမိုမြန်ဆန်လာပါတယ်။
💥 Cache ကတော့ Temporary Memory (ယာယီမှတ်ညဏ်) အနေနဲ့ လုပ်ဆောင်ပေးပါတယ်။ core က လုပ်ဆောင်ခဲ့ပြီးသော တာဝန်တွေကို ယာယီအနေနဲ့ သိမ်းဆည်းထားပေးပါတယ်။ Cache memory ရဲ့ ပါဝင်မှုဟာ CPU တစ်လုံးရဲ့ စျေးကို ပြောင်းလဲသတ်မှတ်ပေးနိုင်ပါတယ်။ Cache ပါရင်ပါသလောက် မြန်သလို စျေးကလည်း မြင့်ပါတယ်။ CPU အမျိုးအစားချင်းတူပေမယ့် Speed နဲ့ Cache ပါဝင်မှု အနည်းအများပေါ်မူတည်ပြီး စျေးကွာခြားပါတယ်။ CPU ရဲ့ Speed ကိုတော့ GHz နဲ့ တိုင်းတာပါတယ်။